.
တော်လှန်ရေးတွင် ပြည်ပထောက်ပံ့ငွေ
လုံးဝမရရှိသေးဘဲ ပြည်သူများ၏ ပံ့ပိုးငွေဖြင့်သာ မောင်းနှင်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊
ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်ဟု သိရသည်။
.
.အမျိုးသားညီညွတ်ရေးအစိုးရ၏
၇ ကြိမ်မြောက် ဘဏ္ဍရေး ကော်မရှင် အစည်းအဝေးကို ယမန်နေ့ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ရာ
အစည်းအဝေးတွင် ယာယီသမ္မတက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ယာယီသမ္မတ ဒူဝါလရှီးလက
နိုင်ငံတော်ဘဏ္ဍာသည် မိမိတို့အစိုးရအတွက် လွန်စွာ အရေးကြီးကြောင်း၊ အစိုးရယန္တရား တစ်ခုလုံး
လည်ပတ်ရန် ဘဏ္ဍာငွေသည် အရေးကြီးသည့် မဏ္ဌိုင်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုက်ပွဲဝင်
အစိုးရဖြစ်သည့် အားလျော်စွာ PDF ရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊
စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊
တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အချို့အား မျှဝေပေးခြင်း စသည့် ကဏ္ဍများတွင်
လစ်ဟင်းမှုမရှိစေရန် အချိန်နဲ့ တပြေးညီဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေ အသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာ
စေတနာဖြင့် မ တည် လည်ပတ်နေခြင်းဖြစ်သည့်အတွက် စနစ်ကျစေရန်၊ ဦးစားပေး ကဏ္ဍများတွင်
သုံးစွဲတတ်စေရန်၊ အလေအလွင့် မရှိစေရန်၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိရန် လွန်စွာအရေးကြီးကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အနောက်
ဘဏ္ဍရေးကော်မရှင် အဖွဲ့ဝင်များက အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.