.
ထိုင်းနိုင်ငံ၊
စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသော အလုပ်သမားများအတွက်
ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.အလုပ်ထုတ်ခံရသည့် အလုပ်သမား
၃၈ ဦးသည် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် လစာနှင့် လုပ်သက် နစ်နာကြေးငွေ
ရရှိရန် အလုပ်ရှင်အား အမှုဖွင့်ထားခြင်းဖြစ်ပြီး အလုပ်ရှင်၊ အလားသမားညှိနှိုင်းသဘောတူမှု
အရ ကျန်အလုပ်သားများအတွက် အလုပ်ရှင်မှ ပေးရန်ကျန်ရျိသည့် လုပ်အားခများကို အမြန်ဆုံးရရှိရေး
ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်း အလုပ်သမား
၃၈ ဦးအတွက် တရားဝင်အလုပ်ပြောင်းရွေ့ခွင့်ရ ရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန
နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အကူအညီမဲ့နေသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား
များ၏ အလုပ်သမားအကျိုးခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးတဲ့
စမုပရာကန်ခရိုင် အလုပ် သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန
(ကျဟာငန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့်
ကိုရဲမင်း (AAC အဖွဲ့)နှင့်
ဦးသက်ပိုင်မင်းတို့ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ
မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အရေးပေါ်ကာလ အခြေအနေတွင်
ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊
အကျိုးခံစားခွင့် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တယား
ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.