စစ်ကောင်စီတပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ကန့်ကွက်ကြောင်း NUG ဝန်ကြီးဌာနများ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ကန့်ကွက်ကြောင်း NUG ဝန်ကြီးဌာနများ ထုတ်ပြန်

.

စစ်ကောင်စီတပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထားတိုက်ခိုက် သည့် စစ်ရာဇဝတ်မှုများအတွက် ဆန့်ကျင်ကန့်ကွက်ပြီး တရားမျှတမှုအတွက် ဖော်ဆောင်ရာတွင် အားဖြည့်ပံ့ပိုး ပေးရန် နိုင်ငံတကာတွင် တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ဝန်ကြီးဌာနများက ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

.

.

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုကို စက်တင်ဘာလ ၁၆ ရက်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။

.

လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ မြေပြင်တပ်များက ထိခိုက်ဒဏ်ရာရရှိနေသော ကလေးငယ် ၂၀ ကျော် အပါအဝင် ဆရာမ ၂ ဦးကို ဖမ်းဆီးပြီး ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူသားမဆန်ဘဲ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးတို့က အပြင်းအထိန် ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထားသည့် ကလေးသူငယ် များနှင့် ဆရာမများအားလုံး အန္တရာယ်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးဌာန ၃ ခု၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats