.
အမျိုးသားညီညွတ်ရေးအစိုးရ၊
ပညာရေးဝန်ကြီးဌာနနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ပူးပေါင်းပြီး နွေဦးတော်လှန်ရေး ကြားကာလ
အခမဲ့အွန်လိုင်း စာသင်ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။
.
.အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများကို
ကြားကလတွင် ဘေးကင်းလုံခြုံစွာဖြင့် အခမဲ့ သင်ယူလေ့လာ နိုင်ရန်၊ အခြေခံပညာအဆင့် CDM ဆရာ/ဆရာမများကို ကြားကာလတွင် ဘေးကင်းလုံခြုံစွာဖြင့်
စဉ်ဆက်မပြတ် ကျောင်းစာသင်ကြားပို့ချခြင်း လုပ်ငန်းကို လုပ်ဆောင်နိုင်ရန်နှင့် အထောက်အပံ့အချို့
ရရှိနိုင်ရန် ရည်ရွယ်၍ ယင်းကဲ့သို့ အခမဲ့ အွန်လိုင်း စာသင်ကျောင်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
သိရသည်။
.
စစ်အာဏာသိမ်းမှုကြောင့်
ယိမ်းယိုင်သွားသည့် ကျောင်းပညာရေးစနစ်ကို ပြန်လည်ထိန်းကျောင်းရေးနှင့် တော်လှန်ရေး
ကာလ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သည့် ကျောင်းသူကျောင်းသားများ အတန်းပညာ
စဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်ရေးတွင် အထောက်အပံ့ဖြစ်စေရန်
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီမှ ကမကထပြုပြီး အမျိုးသား ညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာနနှင့်
ပူးပေါင်းကာ PNFC ကြားကာလ
အခမဲ့ Online စာသင်ကျောင်း ကို
လက်တွေ့အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
.