လားရှိုးမြို့ရှိ နေရာ ၂ ခုတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း NSSAA ထုတ်ပြန်ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ နေရာ ၂ ခုတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း NSSAA ထုတ်ပြန်ကြေညာ

.

လားရှိုးမြို့ပေါ်ရှိ နေရာ ၂ ခုတို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ဖောက်ခွဲ မှုများ ပြုလုပ်ခဲ့ကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (Northern Shan State Alliance Army-NSSAA) က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

.

.

NSSAA အနေဖြင့် စစ်ကောင်စီ လက်ပါးစေတို့၏ အဓိကကျသော နေရာများကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့သော်လည်း ယင်းနေရာများတွင် ပြည်သူများ ရှိနေသဖြင့် လက်လျှော့ခဲ့ရပြီး စက်တင်ဘာလ ၁၈ ရက်၊ ည ၇ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ ယာဉ်ထိန်းရုံးကိုလည်းကောင်း၊ ည ၈ နာရီဝန်းကျင်တွင် မြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီ တပ်စခန်း (ကညန) ကိုလည်းကောင်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညပိုင်းတွင် သေနတ်ဖစ်ဖောက်မှုများ ရှိခဲ့ပြီး လက်ရှိအချိန်အထိ ပိတ်ဆို့စစ်ဆေးမှုများ ရှိနေသဖြင့် မဲမဲမြင်ရာ ရမ်းကားတတ်သော စစ်ကောင်စီတတ်သားများ၏ အကျင့်ကြောင့် ပြည်သူများအပေါ် စိုးရိမ်မိ ကြောင်းလည်း NSSA သတိပေးထားသည်။

.

ဖောက်ခွဲမှုတွင် NSSAA အဖွဲ့သားများ သေသပ်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိ/မရှိ မသိရသေးကြောင်း သိရသည်။

.

ထို့အပြင် ပြည်သူ့မျက်နှာ ထောက်ထား၍ ရုတ်သိမ်းခဲ့ရသော မစ်ရှင်များကို ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလက်ပါးစေများအနီးတွင် မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြပါရန် NSSAA က မေတ္တာရပ်ခံထားသည်။

.

လားရှိုးမြို့သည် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်တည် ရုံးစိုက်ရာ မြို့ ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော်လည်း ဖြစ်သည်။

.

Journal Download

Photo of three cats