မိုးဗြဲမြို့ပေါ်၌ စစ်ကောင်စီတပ်များ တပ်ဖြန့်ထားပြီး အချိန်မရွေး
တိုက်ပွဲ ဖြစ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမည့် နေရာများတွင်
ရှောင်ရှားနေထိုင်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ စက်တင်ဘာလ ၁၉ ရက်၊
နံနက်ပိုင်းတွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။
.
“ အကြမ်းဖက်စစ်ကောင်စီများသည် မိုးဗြဲမြို့ရဲ့ နေရာတော်တော်များများတွင်
ဖြန့်ချထားသည်ဟု သတင်းအတိအကျ ရရှိထားပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အချိန်မရွေး
ထိတွေ့ tike (တိုက်)ပွဲများ ဖြစ်လာနိုင်သောကြောင့် မိဘ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင်
နေထိုင် ရှောင်ရှားပေးကြဖို့ အသိ သတိပေးအပ်ပါသည်။” ဟု MBPDF က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်ကလည်း မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က
တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်တွင် မိုးဗြဲမြို့၊ မွေတော်ဘုရား
အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သဖြင့် ဘုရားရင်ပြင်တော်ရှိ
အဆောက်အဦ ထိခိုက်ပျက်ဆီးခဲ့သည့် အပြင် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ရပြီး
စစ်ရှောင်ပြည်သူ ၁၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.