အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဝှါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်း၌ ရောက်ရှိနေပြီး မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က သတိပေးထားသည်။
.
ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော နေရာတွင် နေပေးကြရန် နှင့် ခရီးသွား ပြည်သူများ အနေဖြင့်လည်း မိုးဗြဲလမ်းအား အသုံး မပြုသေးရန် MBPDF က သတိပေးထားသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ၄ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ၅ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်သည် ထိခိုက်ဆုံးရှုံးမှု များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရာမှ ယခုတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။