Level 2 အဆင့်သို့ တိုးမြှင့်ထားခြင်း မရှိသော အချက်အလက် မပြည့်စုံသည့် မိုဘိုင်းငွေကြေးစာရင်းအကောင့်များကို အပြီး ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
.
မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့် နီးစပ်ရာ ကိုယ်စားလှယ်မ (Agent)များ ၊ ဘဏ်များသို့ သွားရောက်ပြီး ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2) ကို အချိန်မီ မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် မဆောင်ရွက်လိုသူများ အနေဖြင့် လက်ကျန်ငွေများကို Agent များ ၊ ဘဏ်များနှင့် ဆက်သွယ် ဆောင်ရွက်ရန် အသိပေးထားသည်။
.
မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနများရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စ စ်ဆေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါ စစ်ကောင်စီ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် သတ်မှတ်ရက်အတွင်း မဆောင်ရွက်ပါက ပိတ်သိမ်းမည်ဟု ဖော်ပြ ပါရှိသော်လည်း မည်သည့် နေရက်ဖြစ်သည်ကိုမူ ဖော်ပြမထားပေ။
.
လက်ရှိ နွေဦးတော်လှန်ရေး ထောက်ပို့လုပ်ငန်းအား ထိန်းချုပ်ရန်အတွက် KBZPay နှင့် Wave Pay များကို ပိတ်သိမ်းရန် လိုအပ်ကြောင်း စစ်ကောင်စီ လော်ဘီများက ရေးသားမှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီ ဗဟိုဘဏ်က ယင်းကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။