.
ကရင်အမျိုးသားအစည်းအရုံး
(KNU)
ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ
ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့်
ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာနေပြည်သူများ
ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.
.
ပြီးခဲ့သည့်
စက်တင်ဘာလ ၄ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်၏ ခလရ (၃၉) မှ လက်နက်ကြီး
၃ လုံးပစ်ခတ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်းရှိ တောပုကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာအတွင်းသို့
ကျရောက်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
ရွေပြည်သာကျေးရွာနှင့်အခြားကျေးရွာ ၅ ခုခန့်မှ ဒေသခံပြည်သူများ ကြောက်လန့်ကာ
ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
.