.
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၅) မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ တိုက်ပွဲများအတွင်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း
မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်
အများပြည်သူပိုင် နေအိမ် ၂၄ လုံး ပျက်စီးခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့်
ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.