ကရင့်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီးရှိ တောင်ကုန်းတစ်ခုပေါ်၌ ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်စဉ် လက်ဖြောင့်စနိုက်ဘာ စစ်သည်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်တွင်လည်း မြဝတီ - ဝေါ်လေ ကားလမ်း၊ တောင်နီးကျေးရွာအနီးရှိ တောင်ကုန်းတစ်ခုပေါ်၌ ကော်ဘရာစစ်ကြောင်း၊ လက်ဖြောင့် စစ်သည်များ၏ လက်ချက်ဖြင့် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။