.
ကရင်အမျိုးသားအစည်းအရုံး
(KNU) တပ်မဟာ (၅) ထံသို့
စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်ရောက်လာပြီး ၎င်းတို့ ၂ ဦးလုံးကို ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း
တပ်မဟာ (၅) က ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီ၏ ခမရ (၄၀၁)တပ်မှ
တပ်သား သာလှနှင့် တပ်သား ရဲသီဟထွန်းတို့သည် တပ်မဟာ (၅) ထိန်းချုပ် နယ်မြေသို့
ဩဂုတ် ၂၁ ရက်က အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့ ၂ ဦးအနက် လက်ဖြောင့်သေနတ်
တစ်လက်နှင့် ကျည်များပါလာသည့် တပ်သား သာလှကို ကျပ် ၁၅ သိန်း ပေးအပ်ခဲ့ပြီး လက်နက်မပါသော
တပ်သား ရဲသီဟထွန်းအား ကျပ် ၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ကော်သူးလေ
မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ
အဆက်မပြတ် အလင်းဝင်ရောက်ရှိလာကြောင်း သိရသည်။
.