KNU တပ်မဟာ (၅) နယ်မြေတွင် ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၅၀ ကျော် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်မဟာ (၅) နယ်မြေတွင် ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၅၀ ကျော် သေဆုံး

.

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင် စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၅၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်၊ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၂ ဦး၊ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၅၁ ဦးသေဆုံးခဲ့ကာ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၂ ဦးအပါအဝင် ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း တပ်မဟာ (၅) မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။

.

ထို့အပြင် KNU တပ်မဟာ (၅) နယ်မြေအတွင် ယင်းကာလအတွင်း စစ်ကောင်စီ လက်ပါးစေ BGF တပ်များသည် ဘူးသိုမြို့နယ်၊ တလာ အို့ခို့ကျေးရွာနေ စောဖိုးငိုကို မှားယွင်းသတ်ဖြတ်ခြင်း၊ စစ်ကောင်စီတပ်များက အများပြည်သူ နေထိုင်ရာ ကျေးရွာ များအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း စသည့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

.

 

Journal Download

Photo of three cats