ကရင်အမျိုးသားအစည်းအရုံး(KNU)
တပ်မဟာ (၅) နယ်မြေအတွင်း၌ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံတပ်တို့
တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု မူတြော်သတင်းစဉ်က ဖော်ပြထားသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
စစ်ကောင်စီဘက်မှ တပ်ခွဲမှူးနှင့် ဗိုလ် အဆင့်ရှိသူများ အပါအဝင် ၅၁ ဦး သေဆုံးခဲ့ပြီး
တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် ၃၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
.
KNU ဘက်မှလည်း တိုက်ပွဲများအတွင်း
၁ ဦး ကျဆုံး၍ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။
.
ထို့အပြင် ဘူးသိုမြို့နယ်၊
ထီးသဒေါ့ထာ့ကျေးရွာအုပ်စု၊ တလာအောခို့ကျေးမှ ရွာသား ၁ ဦးကို နယ်ခြားစောင့်တပ်(BGF)
အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၇ ရက်တွင် ပစ်သတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က
လက်နက်ကြီးများဖြင့် ဒေသခံ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်
စုစုပေါင်း ၃၂ လုံး ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.