စစ်ကောင်စီ တပ်မ (၄၄)၊ ခလရ (၈၈) မှ တပ်သား ၂ ဦး KNU ထံ ခိုလှုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ တပ်မ (၄၄)၊ ခလရ (၈၈) မှ တပ်သား ၂ ဦး KNU ထံ ခိုလှုံ

.

စစ်ကောင်စီတပ်၏ ဘီးလင်းမြို့ အခြေစိုက်၊ တပ်မ (၄၄)၊ ခလရ (၈) မှ တပ်သား၂ ဦး ယမန်နေ့ စက်တင်ဘာလ ၉ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ထံ ခိုလှုံလာ‌ကြောင်း သိရသည်။

.

.

အဆိုပါ တပ်သား ၂ ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့ အနီးတွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှ တပ်သား စိုးအောင်နှင့် တပ်သား ဇော်ထွန်းတို့ဖြစ်ပြီး မြဝတီ-ဝေါလေကားလမ်းပေါ်တွင် ထိုးစစ်ဆင်နေစဉ် KNU ထံ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

.

ခိုလုံလာသူ စစ်ကောင်စီတပ်သား ၂ ဦးကို လွတ်မြောက်နယ်မြေရှိ ပြည်သူ့ရင်ခွင် ခိုလှုံရေးကော်မတီထံ ဆက်သွယ် ပို့ဆောင်ထားကြောင်း သိရသည်။

.

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်မ (၁၁)၊ (၂၂)၊ (၄၄) လက်အောက်ခံတပ်များ၊ BGF တပ်ရင်းများ စုစုပေါင်း တပ်ရင်း ၁၇ ရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

.

Journal Download

Photo of three cats