.
ကရင်အမျိုးသားအစည်းအရုံး၊
ဖာပွန်ခရိုင်၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မော်ပယ်ခို့ကျေးရွာ၊ အမှတ် (၁) ဖားအံခရိုင်/တပ်မဟာ
(၇) အထက်တန်းကျောင်းတွင် ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက ကာယဉာဏ စနေသင်တန်းကျောင်းကို
စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.အတတ်ပညာသင် အရေးကြီးကြောင်း၊
ကျောင်းတွင် သင်ယူခဲ့ရသည်က စာတွေ့သာဖြစ်ပြီး ယခုသင်တန်းကျောင်းတွင် လက်တွေ့ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊
သင်တန်းတွင် မူလက အမျိုးအစား ၁၀ မျိုးကျော် ဖွင့်လှစ်နိုင်ရန် လျာထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
သင်တန်းအမျိုးအစား ၉ ခုသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ယင်း သင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး
စောအဲကလိုစေးက ပြောဆိုခဲ့သည်ဟု သိရသည်။
.
“သင်တန်းအမျိုးအစားအများကြီးရှိတဲ့အထဲမှာမှ
ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားလို့ သင်ယူဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ထိုင်းနယ်စပ်မှာနေတာဆိုတော့ ထိုင်းစာနဲ့ ထိုင်းစကား
တတ်ဖို့လိုတယ်။ အင်္ဂလိပ်ဘာသာစကား ကျတော့ ကမ္ဘာသုံးဆိုတော့ တတ်သင့်တယ်ထင်လို့
သင်ယူဖြစ်တာပါ” ဟု သင်တန်းတက်ရောက်နေသူ Grade-12 ကျောင်းသူ နော်ဒါးဖောက ပြောသည်။
.
ကာယ၊ ဉာဏစနေသင်တန်းကျောင်းဖွင့်ပွဲသို့
KNU ဖားအံခရိုင်
စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါး၊ ဖားအံခရိုင် ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှူး
ပဒိုစောဖလယ်ထူး၊ မော်ပယ်ခို့ကျေးရွာဥက္ကဋ္ဌနှင့် သင်တန်းဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
သင်တန်းတွင်
အခြေခံဂီတ၊ ပန်းချီ၊ ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ လက်ဝှေ့၊ ဘောလုံး၊
ကရင်ဘာသာစကား၊ ဗမာဘာသာစကားတို့ဖြင့် ကျောင်းပြင်ပချိန် စနေနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.