KNU နယ်မြေ၌ တိုက်ပွဲ ၆၀၀၀ ကျော် ဖြစ်ပွားခဲ့ စစ်ကောင်စီနှင့် BGF ဘက်မှ ၅၀၀၀ ကျော် သေဆုံး၍ KNLA နှင့် KNDO ဘက်မှ ၁၃၇ ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU နယ်မြေ၌ တိုက်ပွဲ ၆၀၀၀ ကျော် ဖြစ်ပွားခဲ့ စစ်ကောင်စီနှင့် BGF ဘက်မှ ၅၀၀၀ ကျော် သေဆုံး၍ KNLA နှင့် KNDO ဘက်မှ ၁၃၇ ဦး ကျဆုံး



ကရင်အမျိုးသားအစည်းအရုံး(KNU) က ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ဖြစ်ပွားသော တိုက်ပွဲစာရင်းကို ထုတ်ပြန်ရာတွင် တိုက်ပွဲပေါ် ၆၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF ဘက်မှ ၅၀၀၀ ကျော် သေဆုံး၍ KNLA နှင့် KNDO ဘက်မှ ၁၃၇ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

.

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာမသိမ်းမီ ကာလကတည်းက ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နှင့် မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တပ်များကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းမှု ဖြစ်စဉ် ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်ဟု ဆိုသည်။

.

လပေါင်း ၂၀ အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြား တိုက်ပွဲပေါင်း ၆၃၅၆ ကြိမ် ဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ ၅၁၂၅ ဦး သေဆုံး၌ ၄၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး KNLA နှင့် KNDO တပ်ဖွဲ့များဘက်မှ ၁၃၇ ဦး အသက် စွန့်ခဲ့ရပြီး ၃၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အပြင် စစ်ကောင်စီ၏ အခြေစိုက် စခန်းကြီး ၉ လုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု KNU က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.



ထို့အတူ ပြည်သူလူထုနေထိုင်ရာ နေရာများနှင့် လုပ်ငန်းခွင်များသို့ စစ်ကောင်စီတပ်နှင့် BGF တပ်များက လက်နက်ကြီး စုစုပေါင်း ၄၄၅၆ လုံးကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့သည့် အပြင် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၁၇ ကြိမ် ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁၃၁ ဦး သေဆုံး၍ ၂၉၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

.

စစ်ကောင်စီနှင့် BGF တပ်များသည် အပြစ်မဲ့ ပြည်သူ ၄၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ခြိမ်းခြောက် စစ်ဆေးခြင်းများ၊ ပေါ်တာအဖြစ် အသုံးပြုခြင်းများ နှင့် လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားခြင်း၊  စစ်ကောင်စီတပ်များက ပြည်သူများ နေထိုင်သော ကျေးရွာများ၊ လုပ်ငန်းခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူ များ၊ မသန်စွမ်း သူများ၊ သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၃၇၀၀၀ ကျော် အိုးအိမ်နှင့် လုပ်ငန်းခွင်များကို စွန့်ခွာပြီး  အသက်ဘေး လုံခြုံရာနေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats