.
ကရင်အမျိုးသားအစည်းအရုံး(KNU)
တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ
ဘုရားသုံးဆူမြို့အနီးရှိ စစ်ကောင်စီ၏ ဘုရားတောင်စခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
.
.အဆိုပါ စစ်ကောင်စီ
ဘုရားတောင်စခန်းသည် ဒေသခံပြည်သူလူထုများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေး ခြိမ်းခြောက်စစ်ဆေးမှုများ
လုပ်ဆောင်ခဲ့သည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီ
ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက
တက်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ်အအတွင်း ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့်
စစ်ကောင်စီ၏ နဂါးတောင်လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ
အဆက်မပြတ်လုပ်ဆောင်နေပြီး နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီတပ် လေယာဉ်များ လာရောက် ပျံဝဲခဲ့ကြောင်း
သိရသည်။
.
စခန်းသိမ်းတိုက်ပွဲတွင်
စစ်ကောင်စီတပ်မှ အနည်းဆုံး ၉ ဦးထက်မနည်း သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၁ လက်ကို
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
KNU ဒူးပလာယာခရိုင်
တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်းတစ်ခုဖြစ်သော ကြိတ်စခန်းကို KNLA
ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ
၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယခုအခါ ဘုရားတောင်စခန်းကို KNLA
ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.