.
စစ်ကောင်စီ၏ ခမရ (၅၉၃) မှ အသက် ၂၅ နှစ်အရွယ် တပ်သားတစ်ဦး ကရင်အမျိုးသားအစည်းအရုံး
(KNU) ၏ တပ်မဟာ (၅) ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြထားသည်။
.
.
အဆိုပါ အလင်းဝင်လာသူမှာ တပ်သား သန့်ဇင်အောင် (တ/ ၄၈၆၆၅၂) ဖြစ်ပြီး
MA-3 တစ်လက်၊
ကျည် ၁၇၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလင်းဝင်ရောက်လာသူ တပ်သား သန့်ဇင်အောင်ကို မူတြော်ခရိုင်၊ (KNLA) တပ်မဟာ (၅) မှ ကောင်းမွန်စွာ လက်ခံကြိုဆိုခဲ့ပြီး
ဆုငွေကကျပ် သိန်း ၂၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
.