.
ကရင်ပြည်နယ်၊
ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကြိတ်စခန်းကို KNLA တပ်က ၁၇ မိနစ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး
RPG စိန်ပြောင်း အပါအဝင်
လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
.
.
KNU-ကော့ကရိတ်မြို့နယ်၊
KNLA တပ်ရင်း (၁၈) နှင့် ဒေါနစစ်ကြောင်း (SOG) ပူးပေါင်းတပ်ဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီအချိန်က ကော့ကရိတ်မြို့နယ်အတွင်းရှိ
စစ်ကောင်စီတပ်၏ ခြေကုပ်စခန်း ဖြစ်သည့် တြိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၇ မိနစ်အတွင်း
စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း
စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၂ ဦးကို ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏ ယင်း ကြိတ်စခန်းကို
ဩဂုတ်လ ၈ ရက်မှ စတင်၍ ပိတ်ဆို့ ရိက္ခာဖြတ်တိုက်ခိုက်ခဲ့ကာ ယမန်နေ့တွင် စခန်းတစ်ခုလုံးကို
သိမ်းပိုက်နိင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲတွင် စစ်ကောင်စီတပ်၏
RPG ၂ လက်၊ BA 100 စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြီးစက်လက် ၁ လက်၊ ပြောင်းပို ၁ လက်၊ AK ၁ လက်၊ MAS စနိုက်ပါ ၁ လက် ၊ MA4.MAK ပူးတွဲ ၁ လက်၊
MA1 ၂ လက်၊ MA3 ၂ လက်၊ MA5 ၂ လက်၊ MG3 ၁ လက် တို့အပြင် MA ကျည်ဘောက်
၁၇ ခု၊ 9MM-44၊ 16 ကျည်ဘောက် ၄ ခု၊ sinper ကျည်ဘောက် ၃ ခု၊ 60MM ၁၂ ခု၊ 73MM ၁၁ ခု၊ အီနာဂါ ၁ လုံး၊ 40MM ၁၀ ခု၊ BA109 လက်ပစ်ဗုံး
၂ လုံး၊ 73 ယမ်းတောင့် ၅ တောင့်၊ စက်လက်ကျည် ၂၂၉ တောင့်၊ AK ကျည်ဘောက်ဝိုင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၃ လုံး၊ ကပစ 5.56 ကျည်ဆန် ၂၂၂၃ တောင့်၊ စိန်ပြောင်းချိန်သီး
၁ လုံး၊ MA5 ကျည် ၂ ခု တို့
သိမ်းဆည်းရကြောင်း KNU က
ထုတ်ပြန်ထားသည်။
.