.
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်နှင့် ခြေမြန်တပ်ရင်းမှ
တပ်ဖွဲ့ဝင် ၈ ဦးကို ယမန်နေ့ စက်တင်ဘာလ ၄ ရက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ဖမ်းဆီးရမိသူများမှာ ရေးမြို့နယ်အခြေစိုက် ခလရ (၆၁) နှင့် ခမရ (၃၄၃) တပ်များမှ ဒုတိယအရာခံဗိုလ်တစ်ဦးနှင့်
တပ်သားများဖြစ်ကြောင်း သိရသည်။
.
ရေးမြို၊ အာယုတောင်ကျေးရွာအခြေစိုက် ခမရ (၃၄၃) မှ ၄ ဦးနှင့် ရေးမြိုအခြေစိုက် ခလရ (၆၁) မှ ၄ ဦးတို့ကို
အိမ်စီးကားဖြင့် ရေးမြို့ဘက်သို့ ထွက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူများမှာ ဝဲကလိကျေးရွာရှိ အမှတ် (၄) တတက သင်တန်းကျောင်းတွင်
အရာခံ/အကြပ်ကြီးသင်တန်း တက်ရောက်ပြီး ရေးမြို့သို့ ပြန်လာသူများဖြစ်ကြောင်း သိရသည်။
.