.
ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား လမ်းမပေါ်တွင်
ယနေ့ စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့အား KNDF
B-21 နှင့် KA ပူးပေါင်းအဖွဲ့မှ အလစ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
.
.
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်
၃ ဦးသေဆုံးပြီး ၂ ဦး
ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ ကိုင်ဆောင်လာသည့် MA-3 အမျိုးအစား သေနတ် ၁ လက်နှင့် ကျည်အချို့အား
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
တိုက်ခိုက်မှုအပြီးတွင် ဘောလခဲမြို့အခြေစိုက်
စစ်ကောင်စီတပ်များမှ ၎င်းတို့အထိနာ၍ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခက်ခဲ့ပြီး KNDF
ပူးပေါင်းတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း
KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
.