.
" နေ့စဥ် ရဲဘော်များ ရှေ့တန်းတွင် ခွန်အား ပြည့်ဝစေရေးအတွက် အာဟာရ ပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းကြဖို့ အကူညီ တောင်းခံအပ်ပါသည်။" ဟု KNDF - Logistics Unit က ယနေ့ စက်တင်ဘာလ ၂၆ ရက်တွင် မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။
.
ကရင်နီပြည်အနှံ့ စစ်ဗျူဟာအလိုက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေရာ ခဲယမ်း လိုအပ်ချက်သာမက တပ်အသီးသီးရှိ ထောင်ချီသော တိုက်ပွဲဝင်ရှေ့တန်း ရဲဘော်များအတွက် ရိက္ခာလိုအပ်ချက်များမှာလည်း နေ့စဥ်နှင့်အမျှ မြင့်တက်လျက်ရှိနေသည်ဟု KNDF - Logistics Unit က ဆိုသည်။
.
KNDF - Logistics Unit အနေဖြင့် စစ်ဗျူဟာအသီးသီးသို့ ရှေ့တန်း စစ်မြေပြင်အရောက် ရိက္ခာများ ပို့ဆောင်သည့် Mission များကို ထမ်းဆောင်နေရုံသာမက ရိက္ခာစုဆောင်း ရှာဖွေရေး အတွက်ကိုပါ ဘဏ္ဍာရေး အက်အခဲများကြားမှ ရုန်းကန်ဖြေရှင်းလျက်ရှိနေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကူညီ လှူဒါန်းလိုသူများအနေဖြင့် Karenni Nationalities Defence Force - Logistics Unit ၏ Facebook Page messenger မှ တဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။