ပြည်သူပိုင် နွားများအား ခိုးယူသတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူပိုင် နွားများအား ခိုးယူသတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF ဝင်တိုက်

ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့၌ ပြည်သူပိုင် နွားများအား ခိုးယူ သတ်ဖြတ်နေသော စစ်ကောင်စီ တပ်ဖွဲ့ကို စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ဝတ်စုံနှင့် အရပ်ဝတ် အချို့ ဝတ်ထားသော စစ်ကောင်စီတပ်သားများနှင့် ရဲများ အပါအဝင် အင်အား ၁၀ ဦးသည် ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက် အတွင်း၌ ပြည်သူပိုင်နွားများအား ခိုးယူသတ်ဖြတ်၍ ဆိုင်ကယ်များဖြင့် သယ်ဆောင်နေစဉ် KNDF တပ်ရင်း(၄)နှင့် တပ်ရင်း(၁၅) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 
.
ယင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် နွားအသေများနှင့်အတူ ဆိုင်ကယ် ၂ စီးအား ထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကာ ထွက်ပြေးစဥ် ကျန်ခဲ့သော ဆိုင်ကယ် ၂ စီးနှင့် သတ်ဖြတ်ခံထားရသောနွားများအား ပြန်လည်သိမ်းဆည်း၍ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF က ဆိုသည်။
ဖရူဆိုမြို့၏ အစွန်အဖျားဘက်ရှိ ထီးကူးဆိုရပ်ကွက်၌ စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်ရမ်းကားပစ်ခတ်မှုများ ၊ ဖမ်းဆီးမှုများနှင့် နှစ်ဖက်ထိတွေ့မှုများကြောင့် ဒေသခံများမှာ စစ်ဘေးနှင့် ဝေးရာ နေရာများသို့ တိမ်းရှောင်နေကြရသဖြင့် လူ နေထိုင်ခြင်း မရှိသော်လည်း နေအိမ်များ၊ တိရိစ္ဆာန်များ နှင့် အိမ်တွင်းပစ္စည်း များစွာ ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့က ဖောက်ထွင်း ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats