ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို KNDF သိမ်းဆည်းရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို KNDF သိမ်းဆည်းရရှိ

.
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်ရွာသစ်ကျေးရွာ အနီး၌ စစ်ကြောင်းထိုး တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း (၁၀)တို့က ယနေ့ စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသူ များပြားခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သော MA-3 သေနတ် ၁ လက် နှင့် ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့‌ကြောင်းနှင့် ကရင်နီ ပူးပေါင်းတပ်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။
.
ထို့အတူ ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာ နှင့် ထီးပေါ့ဆိုကျေးရွာများ အနီး၌ စစ်ကြောင်းထိုး တပ်စွဲထားသော စစ်ကောင်စီတပ်ကိုလည်း ယနေ့ နေ့လယ်ပိုင်းတွင် KA ၊ KNDF တပ်ရင်း(၄)နှင့် (၁၅) တို့ ပူးပေါင်း၍ ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက် သေဆုံးမှုများ ရှိနိုင်သည်ဟု KNDF က ဆိုသည်
.
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီးများအား အလွန်အကျွံ အသုံးပြု ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆို - ဖရူဆို လမ်းမကြီး တစ်လျှောက် စစ်​ကြောင်းထိုး တပ်စွဲခြင်းများ လုပ်ဆောင်လျှက် ရှိရာ
နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ 

Journal Download

Photo of three cats