.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
မန်တုံမြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(PDF) ပူးပေါင်းအဖွဲ့များ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်တွင် ဝင်ရောက်
တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
.
မန်တုံအခြေစိုက် ခလရ
(၁၃၀) တပ်ရင်းကို ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက KIA/PDF ပူးပေါင်းတပ် များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
စစ်တပ်ကို လာပစ်ပြီးနောက် ပြန်အဆင်းတွင် ရဲစခန်းမှ ရဲများ တိမ်းရှောင် သွားသည့်အတွက်
ရဲစခန်းကို မီးရှို့ခဲ့ကြကြောင်း သိရသည်။
.
တိုက်ခိုက်မှုအတွင်း
ထိခိုက်မှုရှိ/မရှိ မသိရသေးဘဲ စစ်တပ်ကို အဓိက လာပစ်ခြင်းဖြစ်ပြီး ပြန်အဆင်းတွင် ရဲစခန်းကို
မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.
[ Photo – Shan News ]
.