.
ကချင်ပြည်နယ် ဖားကန့်မြို့နယ်
ဝါရာဇွပ်ရွာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်က စစ်ကောင်စီတပ်၏
တပ်မ (၈၈) စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က
မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦး သေဆုံးပြီး ၄
ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂
ဦး ထိခိုက်ခဲ့ပြီး ၇ ဦး နေရာတွင် သေဆုံးကာ ၁ ဦးမှာ လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု
ဒေသခံများထံက သိရသည်။
.
KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ
၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၄) နယ်မြေ
ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း
သတင်းထုတ်ပြန် ထားသည်။
.
တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ မရန်ကထောင်မှ
တက်လာသည့် တပ်မ (၈၈)စစ်ကြောင်း ဖြစ်ပြီး တပ်ရင်း (၁၄) နယ်မြေအတွင်း လှုပ်ရှားလာသဖြင့် မိုင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းထိခိုက်မှုများ ရှိခဲ့ကြောင်း KIA က အသိပေးထားသည်။
.