သိန္နီနှင့် ကွတ်ခိုင်အကြား မန်ပြိန်းကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီနှင့် ကွတ်ခိုင်အကြား မန်ပြိန်းကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

.

သိန္နီမြို့နှင့် ကွတ်ခိုင်မြို့အကြား၊ မန်ပြိန်းကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက ကချင်တပ်မတော် (KIA)၊ တပ်မဟာ (၁၀)၊ တပ်ရင်း (၂) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တိုက်ပွဲမှာ နေ့လယ် ၁ နာရီမှ ၃ နာရီခန့်အထိ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားရကာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲဖြစ်ပွားရာ နေရာသည် ပြည်ထောင်စုလမ်းမကြီးနှင့် နီးကပ်ပြီး သိန္နီတိုးဂိတ်အတွင်းသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ ဒေသသည် စစ်ကောင်စီတပ်အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၊ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော SSPP/SSATNLAKIA နှင့် MMDA တပ်များ သွားလာ လှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ရှိနေကြောင်း သိရသည်။

.


Journal Download

Photo of three cats