မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ သယ်ဆောင်လာသည့် စစ်ကောင်စီ ထုတ်ကုန်များကို
အင်းတော်လမ်းပိုင်း တစ်နေရာ၌ KIA နှင့် အင်းတော် PDF က ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း
သိရသည်။
.
စစ်ကောင်စီ ထုတ်ကုန်များဖြစ်သည့် Myanmar Beer နှင့် Andaman Gold
Beer ဘီယာဖာ ၁၀၀၀ ကို အများပြည်သူရှေ့တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်က ဖျက်ဆီးခဲ့ခြင်း
ဖြစ်သည်။
.
အာဏာသိမ်းစစ်ကောင်စီ ထုတ်ကုန်များကို သယ်ဆောင်၊ ရောင်းဝယ်ခြင်းများ
မပြုလုပ်ရန် KIA နှင့် အင်းတော် PDF က သတိပေးထားသည်။
.