.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ယနေ့ စက်တင်ဘာလ
၅ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ တပ်နှင့် ကချင်တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တို့
အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ယနေ့ စက်တင်ဘာလ ၅ ရက်၊ နံနက် ၅ နာရီခွဲ အချိန်မှ စတင်၍ လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.
မန်တုံမြို့အဝင်ရှိ စစ်ကောင်စီ၏ ခလရ (၁၃၀) ကို KIA၊ PDF ပူးပေါင်းအဖွဲ့များက
ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လုံခြုံရေးဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း
ဒေသခံများထံက သိရသည်။
.
မန်တုံမြို့နယ်တွင် တအာင်းတပ်မတော် (TNLA) အပြင်၊ KIA နှင့်
PDF တပ်များ သွားလာလှုပ်ရှားမှုများ ရှိနေပြီး စစ်ကောင်စီတပ်များလည်း ရှိနေကြောင်း
သိရသည်။
.