Force-36 Ranger/SSPDF အဖွဲ့၏ “Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းကို စက်တင်ဘာ လကုန်အထိ သက်တမ်း တိုးမြှင့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Force-36 Ranger/SSPDF အဖွဲ့၏ “Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းကို စက်တင်ဘာ လကုန်အထိ သက်တမ်း တိုးမြှင့်ထား

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် Force-36 Ranger/SSPDF အဖွဲ့၏ “Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းကို ယခု စက်တင်ဘာ လကုန်အထိ သက်တမ်း တိုးမြှင့်ထားသည်ဟု သိရသည်။

.



“Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းကို ကျပ်သိန်း ၁၆၀ တန် 16 Sniper ဝယ်ယူရန်အတွက် ပြုလုပ်ခြင်း ဖြစ်ပြီး ယခင်က စက်တင်ဘာလ ၃ ရက်မှ ၁၃ ရက်အထိ ၁၀ ရက်သာ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ရည်မှန်းချက် ပမာဏ မပြည့်သေးခြင်းကြောင့် ယင်းကဲ့သို့ သတ်မှတ်ရက် တိုးမြှင့်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

.

အလှူငွေများကို KBZPay ၊ WavePay ၊ NUG Pay ၊ Paypal တို့ဖြင့် Force-36 Ranger/ SSPDF ၏ Facebook Page မှ လည်းကောင်း ၊ Fundraising Cranes for U page ၏ Messenger နှင့် Telegram မှ လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

.

အဆိုပါ “Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းအား Fundraising Cranes for U မှ ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာငွေ ၁၀၀၀၀ ကျပ် သို့မဟုတ် 3 USD ကျပ်နှင့်အထက် ကူညီသူများ အနေဖြင့် ကာလတန်ဖိုး သိန်း ၅၀ ခန့်ရှိ ရွှေနှင့် မြဘယက်ကို ကံစမ်းနိုင်မည့် ကံစမ်းမဲလက်မှတ် ၁ စောင် ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

.



Journal Download

Photo of three cats