.
စစ်ကိုင်းတိုင်း၊
မုံရွာမြို့နယ်ရှိ မုံရွာအကျဉ်းထောင်မှ ဦးစီးအရာရှိ မျိုးညွန့်အောင်ကို Fight For People အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း
ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
မုံရွာမြို့နယ်၊ သာစည်ကျေးရွာတွင်
ဆောက်လုပ်နေသည့် အကျဉ်းထောင်သစ်ကို လာရောက်သည့် ဦးစီးအရာရှိ မျိုးညွန့်အောင်ကို စက်တင်ဘာလ
၉ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Fight For People (FFP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ
အင်ဂျင်နီယာ ဒုကြီးကြပ်ရေးမှူး၊ နှစ်ပွင့်ဗိုလ် မျိုးညွန့်အောင်ကို မုံရွာ-သာစည် ကားလမ်းပေါ်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.