ဖေ့စ်ဘွတ်ခ်၏
(သတင်းအသစ်ရယူမှု) News Feed ပုံစံအသစ်သည် ပြည်သူများက ယုံကြည်စိတ်ချ ရသော
သတင်းအချက်အလက်များအား လက်လှမ်းမီနိုင်မှုအား အတားအဆီးဖြစ်နေနိုင်ကာ သတင်း
အမှားများ ပြန့်ပွားမှုကိုလည်း ဖြစ်ပွားစေနိုင်သောကြောင့် ဖေ့စ်ဘုတ်အနေဖြင့် ယင်း၏
News Feed ပုံစံအသစ်အား မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာတိုက်
နှင့် မီဒီယာ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း (၄၅) ဖွဲ့က
တိုက်တွန်းလိုက်ပါသည်။
၂၀၂၁အစောပိုင်းတွင်
ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်သည်သုံး စွဲသူများ၏ News Feed ပေါ်တွင် အများပြည်သူ
အရေးအရာနှင့်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြခြင်းအား လျှော့ချရန်အတွက် ယင်း၏
အယ်လ်ဂို ရစ်သမ်အား ပြုပြင်မွမ်းမံမှုကို နိုင်ငံအချို့တွင် စတင်ခဲ့ပြီး
ယင်းလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့်
နိုင်ငံရေးခြယ်လှယ်မှုများနှင့် ပတ်သတ်သည့် တိုင်ကြားချက်များကို တုန့်ပြန်သည့်အနေဖြင့်
လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများဟု
ဆိုရာ တွင် ပဋိပက္ခများမှစ၍ ကိုဗစ်-၁၉ ကိစ္စများအထိ အရေးကြီးသော ခေါင်းစဥ် များစွာ
လွှမ်းခြုံပါဝင်သည်။
မကြာခင်ကာလတွင်
မြန်မာနိုင်ငံ၌ မိတ်ဆက်တော့မည့် News Feed ပြုပြင်မွမ်းမံမှုပုံစံအသစ်သည် သတင်း
အချက်ရယူသိရှိနိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းမီဒီယာ
လွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးများကို ခြိမ်းခြောက်နေသည်ဟု ကျွန်ုပ်တို့အနေဖြင့်
ယုံကြည်ပါသည်။
မြန်မာနိုင်ငံ၏
သတင်းအချက်အလက်ဂေဟစနစ်သည် ဖေ့စ်ဘွတ်ခ်က ယင်း၏ News Feed ပြပြင်မွမ်းမံမှု
ပုံစံအသစ်ကို စမ်းသပ်ခဲ့သော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများ၏
သတင်းအချက်အလက် ဂေဟ စနစ်များနှင့် ဆင်တူခြင်း မရှိပါ။ ဖေ့စ်ဘွတ်ခ်အား
မြန်မာနိုင်ငံ၏ အင်တာနက် ဖြစ်လာစေရေး ဖေ့စ်ဘွတ်ခ် ၏ အစောပိုင်းအစီအစဥ်သည်
အောင်မြင်ခဲ့သည်။ စစ်တပ်က လွတ်လပ်သော ရုပ်သံထုတ်လွှင့် တင်ဆက်မှု များ၊
ပုံနှိပ်သတင်းမီဒီယာများနှင့် ၄င်းတို့၏ ဝဘ်ဆိုက်များကို ပိတ်ပင်တားမြစ်ခြင်း
နှင့် ပြည်သူတို့၏ ဆန္ဒ ထုတ်ဖော် စုဝေးရာနေရာများကို ပိတ်ချခဲ့ခြင်းက
အများပြည်သူတို့၏ လူမှုဘဝ အများစုကို အွန်လိုင်းပေါ်သို့ တွန်းပို့လိုက်ပြီးနောက်
ဖေ့စ်ဘွတ်ကုမ္ပဏီ၏ လွှမ်းမိုးနိုင်မှုသည် ပိုမို၍ပင် ကြီးထွားလာခဲ့သည်။ ဒီမိုကရေစီ
နိုင်ငံများမှ လူများသည် အများပြည်သူနှင့်ဆိုင်သည့်အကြောင်းအရာများအတွက် တီဗီ၊
ရေဒီယို၊ သတင်း စာ၊ ပြည်သူပိုင်ဆန္ဒထုတ်ဖော်စုဝေးရာ နေရာများကို
အသုံးပြုနိုင်သော်ငြား မြန်မာနိုင်ငံရှိ ပြည်သူများမှာမူ
ထိုသို့ရွေးချယ်စရာမရှိပါ။
ထို့အပြင် ဖေ့စ်ဘွတ်ခ်၏
လက်ရှိ အယ်လ်ဂိုရစ်သမ်သည် လူတစ်ဦးချင်းဆီ၏ News Feed များအား ယင်းတို့ ယခင်က
ဖော်ပြခဲ့သော စိတ်ဝင်စားသည့် အကြောင်းအရာများအပေါ် မူတည်၍ ဖန်တီးလျက်ရှိပါသည်။
အယ်လ်ဂိုရစ်သမ်အား အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများကို လျှော့ချရန်
ပြုပြင်မွမ်းမံလိုက် ခြင်းသည် မြန်မာပြည်သူများ၏ စိတ်ဝင်စားမှုကို
ကြားဖြတ်နှောင့်ယှက်ခြင်းဖြစ်သည့်အတွက် မြန်မာပြည်ရှိ လူထုက
အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများကို လွန်စွာတောင့်တနေရချိန်တွင်
အန္တရာယ်ရှိ သော စာတည်း တည်းဖြတ်မှုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ
ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်သည်။ ဤလုပ် ဆောင်ချက်သည် မြန်မာပြည်ရှိလူထု၏
သတင်းအချက်အလက် အခွင့်အရေးကို ချိုးဖောက်နေသည်။
ဖေ့စ်ဘွတ်ခ်၏ News
Feeds ပြုပြင်မွမ်းမံမှုသည် သတင်းမီဒီယာကဲ့သို့သော “ထုတ်လုပ်သူများ”၏ အ ကြောင်းအရာများကို
“လာရောက်ကြည့်ရှုမှုနှုန်း”အား အထူးသဖြင့် လျှော့ချကြောင်း ဖော်ပြခဲ့ရာ၊ ယင်းကဲ့
သို့ ဝင်ရောက်ကြည့်ရှုမှုနှုန်း လျှော့ချခြင်းက ထိခိုက်နစ်နာသည့်
အကျိုးသက်ရောက်မှုကို ဖြစ်စေသည့်အ တွက် ယခင်ကပင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ
အဝေဖန်ခံခဲ့ရဖူးသည်။
ထိုသို့ ကြည့်ရှုမှုနှုန်းထားလျှော့ချခြင်းသည်
သတင်းစာများပုံနှိပ်ခြင်းကို အွန်လိုင်းပြင်ပတွင် ပိတ်ဆို့တား ဆီးသည့်
ပုံစံနှင့်တူညီစွာ ဒီဂျစ်တယ်နည်းအရ ဟန့်တားနှောင့်ယှက်ခြင်းဖြစ်သည့်အတွက်
ဆင်ဆာဖြတ် တောက်မှုပင် ဖြစ်သည်။ အယ်လ်ဂိုရစ်သမ်အသစ်သည် News Feed ရှိ
သတင်းမီဒီယာမှ တင်ဆက်သော အ ကြောင်းအရာများကို လျှော့ချမှုပြုလုပ်မည်ကို
သိသိလျက်နှင့် ပြုပြင်လိုက်ခြင်းသည် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုပိုင်ခွင့်နှင့်
သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဖေ့စ်
ဘွတ်ခ်ပေါ်ရှိ ပရိသတ်များကို မှီခိုနေရသည့် သတင်းမီဒီယာများ၏
ရပ်တည်မှုတစ်ခုလုံးကိုပါ ခြိမ်းခြောက် လိုက်ခြင်းပင် ဖြစ်ပါ သည်။
ဖေ့စ်ဘွတ်ခ်သည်
အမုန်းစကားနှင့်ပတ်သက်သည့် နောက်ဆက်တွဲ စိုးရိမ်စရာများကို ကြုံကြိုက်ခဲ့ရပြီး
နောက် ဒစ်ဂျစ်တယ်တတ်စွမ်းမှုမြှင့်တင်ခြင်း၊ ပြန့်နှံ့လျက်ရှိသည့်
ခွဲခြားဆက်ဆံမှုများ၊ သတင်းအချက်အ လက်မှားများ နှင့် ဝါဒဖြန့်ချိမှုများအား
တန်ပြန်ခြင်းတို့ကို ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ သတင်းအချက် အလက်ဂေဟစနစ်ကို
တိုးတက်အောင်ကြိုးစားရာတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ သတင်းမီဒီယာကဲ့သို့သော
ပိုမို ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှ အများပြည်သူနှင့်ဆိုင်သည့်
အကြောင်းအရာများအား လျှော့ချ ရန် အယ်လ်ဂိုရစ်သမ်ကို ပြုပြင်မွမ်းမံခြင်းသည်
မယုံကြည်ရသော သတင်းအချက်အလက်များ ပျံ့နှံ့မှုကို တိုးပွားရန် ဦးတည် စေနိုင်ကာ
လစ်လျူရှုခြင်း နှင့် သည်းခံနိုင်စွမ်း နည်းပါးခြင်းတို့ကို တိုးပွားလာစေနိုင်ပြီး
ဖေ့စ်ဘွတ်ခ်၏ အတိတ်ကအားထုတ်မှုများအပါအဝင် မြန်မာပြည်လူထု၏ ငြိမ်းချမ်းမှု၊
ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုဆိုင်ရာ အခွင့်အရေးများကို ယုတ်လျော့
မှေးမှိန်စေနိုင်ပါသည် ။
အာဏာသိမ်းမှုကြောင့်
အသက်အန္တရာယ်ကိုပါထိခိုက်နေသော အကြပ်အတည်းကို ကြုံတွေ့နေရပြီးဖြစ် သည့်
မြန်မာပြည်ရှိ လူထုနှင့် သတင်းမီဒီယာများအတွက် ဖေ့စ်ဘွတ်ခ်၏ News Feed
ပြုပြင်မွမ်းမံမှု ပုံစံသည် မည်ကဲ့သို့ ဆိုးရွားစွာ ထပ်မံထိခိုက်နိုင်သည်ကို
ပြန်လည်သုံးသပ်ပါရန် ဖေ့စ်ဘွတ်ခ်အား ကျွန်ုပ်တို့က တိုက် တွန်း
တောင်းဆိုလိုက်ပါသည်။ News Feed ပြုပြင်မွမ်းမံမှု ပုံစံသည် အချို့နိုင်ငံများရှိ
အများပြည်သူတို့အား အကျိုးပြုနိုင်သော်ငြား အချို့နိုင်ငံများတွင်မူ
ဆုတ်ယုတ်မှုကိုသာ ဖြစ်စေနိုင်ပါသည်။ ဖေ့စ်ဘွတ်ခ်အနေ ဖြင့် ၄င်းအဆို ပြုထားသည့်
News Feed ပြုပြင်မှုပုံစံအသစ်ကို မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန်နှင့်
အနာဂတ်တွင် ပြုလုပ်မည့် အထွေထွေမွမ်းမံပြုပြင်မှုများတွင်လည်း
မပြုလုပ်ခင်ကတည်းကပင် အရပ်ဖက် အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာဆွေးနွေးခြင်း၊
ရေခံမြေခံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်လေ့ လာချက်များ
ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရန် တိုက်တွန်း လိုက်ပါသည်။
ဤပူးတွဲသဘောထားထုတ်ပြန်ချက်အား
Meta ၏ CEO Mark Zuckerberg ထံသို့လည်း ပေးပို့ခဲ့ပြီးပြီ ဖြစ်ပါသည်။