.
ပြည်ထောင်စုလွှတ်တော်
ကိုယ်စားပြုကော်မတီ (CRPH) ကို အသိအမှတ်ပြုပေးရန်နှင့် လွှတ်တော်ချစ်ကြည်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသွားရန်
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
ယမန်နေ့ စက်တင်ဘာလ
၁၅ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတကာပါလီမန်များအဖွဲ့က
ကျင်းပသည့် အစည်းအဝေး သို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က
တက်ရောက်စဉ် ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
.
အစည်းအဝေးတွင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မြန်မာနိုင်ငံ၏
အခြေအနေများနှင့် ပတ်သက်၍ ပြောကြား ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာ
ပါလီမန်များအဖွဲ့ (IPU) က ချမှတ်ထားသော အဓိက တန်ဖိုး ၅ ရပ်ကို
အဓိက လုပ်ဆောင်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်မှ
ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များကို ဖမ်းဆီးမှုများရှိနေသည့် ကြားမှ ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးကို ၄ ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ကိုယ်စားပြုမှု၊ ဥပဒေပြုမှုနှင့် အစိုးရကို
ထိန်းကျောင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ပြောသည်။
.
အာဏာသိမ်းစစ်ကောင်စီတပ်က
ပြည်သူ ၂၂၄၃ ဦးကျော် သတ်ဖြတ်ခဲ့ပြီး ၁၁၀၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးထားကြောင်း၊ ပြည်သူအများအပြား
ညှင်းပန်း နှိပ်စက်မှု၊ အဓမ္မ လိင်အကြမ်းဖက်မှုတွေအပါအဝင် နှစ်ရှည် ထောင်ဒဏ်ချမှတ်မှုများကို
ဆိုးရွားစွာ ခံနေရကြောင်း၊ နိုင်ငံတော်၏ သယံဇာတများ ဖျက်ဆီးခံနေရပြီး တိုင်းပြည်၏
စီးပွားရေးကိုလည်း အလုံးစုံ ပျက်သုဉ်းရေးဆီ တွန်းပို့နေကာ
ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဖန်တီးနေကြောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင် စစ်ကောင်စီ၏
အာဏာတည်မြဲရေးအတွက် လုပ်ဆောင်မည့် ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုရန်နှင့် ယင်းရွေးကောက်ပွဲသည်
မြန်မာပြည်သူများ၏ ဒီမိုကရေစီကို စော်ကားခြင်းဖြစ်သည်ဟု ဦးအောင်ကြည်ညွန့်က ပြောဆိုခဲ့သည်။
.