တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ အတွင်း COVID-19 ပိုး ရှိသူ ၃၄ ဦး တွေ့ရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ အတွင်း COVID-19 ပိုး ရှိသူ ၃၄ ဦး တွေ့ရှိထား

တောင်ကြီးမြို့နယ်၌ ယခု စက်တင်ဘာလ ၁ ရက်မှ ၂၄ ရက်အတွင်း COVID-19 ပိုး ရှိသူ ၃၄ ဦး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေပါ အချက်အလက်များ အရ သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ် တစ်ခုလုံး၌ စက်တင်ဘာလအတွင်း COVID-19 ပိုး ရှိသူ ၁၈၇ ဦးကို တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေတွင် ဖော်ပြထားသည်။

.


ယင်း အချက်အလက်များမှာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သာ ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမို များပြားနိုင်သည့် အပြင် သေဆုံးသူများပါ ရှိနေသည့်အတွက် ပြည်သူများ သတိပြုရန် လိုအပ်သည်ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

“ အဲဒါက ထုတ်ပြန်ချက်ပေါ့။ မြေပြင်မှာက ပို များတာပေါ့။ အဲဒါက စစ်လို့ တွေ့တာနော်၊ မစစ်လို့ မတွေ့တဲ့သူက အများကြီးရယ်။ သေတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် ပြည်သူတွေ သတိထားစေချင်တယ်။ ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှာ။ စကစ လက်ထက်မှာ ဘာမှ မျှော်လင့်မနေနဲ့။ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာ၊ (COVID-19 ) ကာကွယ်ဆေး ထိုးခွင့်ရရင် ထိုးစေချင်တယ်။” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

.

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေတွင် သေဆုံးသူ အရေအတွက်ကို ဖော်ပြထားခြင်း မရှိဘဲ မြေပြင်တွင် ရှမ်းပြည်နယ် တစ်ခုလုံး၌ ၅ ဦးထက်မနည်း COVID-19 ဖြင့် သေဆုံးသူ ရှိသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

.

မြန်မာနိုင်ငံတွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၆၂၁၁၂၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၅၉၆၆၅၈ ဦးမှာ ဆေးရုံမှ ပြန်လည် ဆင်းခွင့် ရရှိခဲ့ကာ ၁၉၄၄၅ ဦးမှာ သေဆုံးခဲ့ရကြောင်း သိရသည်။

.

Journal Download

Photo of three cats