.
မြို့တော်တောင်ကြီးတွင်
ယခုရက်ပိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူအချို့ရှိလာနေ၍
မြို့ပေါ်နေ ပြည်သူများအနေဖြင့် သတိပြုသွား လာနေထိုင်ရန် လိုအပ်နေကြောင်းသိရသည်။
.
.ယခုရက်ပိုင်းအတွင်း
COVID-19 ရောဂါပိုး ပြန်လည်တွေ့ရှိသူအချို့တွင်
ကာကွယ်ဆေး ထိုးနှံထားပြီးသည့် သူများ ပါနေသည့်အတွက် မြို့ပေါ်နေပြည်သူများအနေဖြင့်
Mask များစနစ်
တကျတပ်ဆင်ရန်လိုအပ်နေကြောင်း သိရသည်။
.
“ဒီရက်ပိုင်း ကိုဗစ်ရောဂါဖြစ်တဲ့သတင်းတွေ
ကြားလာရပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးရုံဆေးခန်းပြတဲ့အချိန် စစ်ကြည့်တော့ ကာကွယ်ဆေးထိုးထားတဲ့လူတွေမှာတောင်
ဖြစ်လာတဲ့ပုံစံမျိုးပေါ့။ ပြည်သူအားလုံး ဂရုစိုက်ပြီး နေထိုင်ဖို့ လိုအပ်နေပါတယ်”
ဟု တောင်ကြီးမြို့ပေါ်နေထိုင်သူတစ်ဦးကပြောသည်။
.
ပြည်သူများအနေဖြင့်
အပြင်ထွက်သည့်အခါတိုင်း Mask ကိုစနစ်တကျတပ်ဆင်ရန်
လိုအပ်နေပြီး တတ်နိုင်သမျှ လူစုလူဝေး ရှောင်ရှားရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို
စနစ်တကျ ဆေးရန် လိုအပ်နေကြောင်း သိရသည်။
.
လတ်တလော တောင်ကြီးမြို့ပေါ်ရှိ
ပြည်သူများကြားတွင် Mask တပ်ဆင်မှု
အလေ့အထ အားနည်းနေပြီး အများစုမှာ Mask တပ်ဆင်သွားလာခြင်းမရှိတော့သည့်အတွက် ရောဂါကာကွယ်နိုင်ရန်အတွက် Mask များပြန်လည် တပ်ဆင်ရန် လိုအပ်နေကြောင်း သိရသည်။
.
စက်တင်ဘာအတွင်း တောင်ကြီးမြို့နယ်မှ
COVID-19 ပိုးတွေ့သူ ၃၀
ဦးခန့် ရှိပြီး ရှမ်းပြည်နယ် တစ်ခုလုံး အနေဖြင့် ၁၆၀ ဦးခန့် ရှိကြောင်း သိရသည်။
.