.
တာချီလိတ်မြို့တွင်
COVID-19 ရောဂါ ကူးစက်ခံထားရသူ
အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်၊ ည ၁၂ နာရီအချိန်ခန့်က
ရောဂါအခံဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အမျိုးသမီးသည်
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် COVID-19
ရောဂါဖြင့် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူမှာ တာချီလိတ်မြို့နယ်၊
မိုင်းကိုးကျေးရွာအုပ်စု မယ်ဖောလုံကျေးရွာနေ အမျိုးသမီးဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား
တာချီလိတ်လူမှုကူညီရေးအသင်းက တာချီလိတ်မြို့၊ ကျောက်တောင်သုဿာန်တွင် မီးသင်္ဂြိုဟ်
ပေးခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင်
တာချီလိတ်ဆေးရုံ၌ COVID-19
လူနာ အရေအတွက် မည်မျှရှိကြောင်းနှင့် ဒေသတွင်း COVID-19 ကူးစက်ခံရသူ
မည်မျှရှိသည်ကို သတင်းထုတ်ပြန်ခြင်းမရှိ၍ မသိရသော်လည်း ကျိုင်းတုံမြို့တွင် တစ်လအတွင်း တစ်ကျော့ပြန် Covid-19 ကူးစက်ခံရသူ ၅၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
.
[ Photo - ဦးလှမိုး
(တာချီလိတ်)လူမှုကူညီရေးအသင်း ]
.
#KBZTai #20September2022
.
Link –
.