.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပို့တွေ့လူနာတစ်ဦး စက်တင်ဘာလ ၁၆ ရက်က သေဆုံး သွားခဲ့ကြောင်း
သိရသည်။
.
.
လားရှိုးပြည်သူ့ဆေးရုံရှိ
အထူးစောင့်ကြည့်ကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသည့် လားရှိုးမြို့၊ ရပ်ကွက် (၁၀)နေ အသက်
၅၈ နှစ်အရွယ် အမျိုးသားသည် COVID-19 ရောဂါပိုးကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော
ရွှေဖီမြေသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
.
ယခုကဲ့သို့သော သတင်းများကို
အများပြည်သူ သိရှိခြင်းဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်မှုမှအစ သတိဖြင့် သွားလာနေထိုင်တတ်စေရန် အသိပေးရာရောက်ပြီး
ကူးစက်မှုများလာပါက အခက်အခဲများစွာ ကြုံတွေ့နိုင်သည့် အတွက် အထူးသတိရှိရန် လိုအပ်ကြောင်း
ကမ္ဘောဇလူမှုကူညီရေးအသင်းမှ ကိုစံဦးက ပြောဆိုထားသည်ဟု သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း
“ဝ” ပြည်၊ ပန်ဆန်းမြို့မှ လားရှိုးသို့ ဆေးလာကုသည့်ရန် လာရောက်သည့် အသက် ၅၂ နှစ်အရွယ်
အမျိုးသားတစ်ဦးသည် လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၇ ရက်၌ COVID-19 ရောဂါဖြင့် သေဆုံးခဲ့ကြောင်း
သိရသည်။
.
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက
တစ်ကျော့ပြန် COVID-19 ရောဂါ
ကူးစက်မှု ဖြစ်ပွားပြီးနောက် စက်တင်ဘာ လ ၁၇ ရက်၊ ညနေ ၄ နာရီအထိ ဓါတ်ခွဲအတည်ပြုလူနာ
၃၀၅ ဦး တွေ့ရှိထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် COVID-19 လူနာ စတင်တွေ့ရှိသည့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ယမန်နေ့အထိ ကူးစက်သူ ၆၁၈၆၄၄ ဦး ရှိပြီဖြစ်ကြောင်း
သတင်းထုတ်ပြန်ထားသည်။
.
[ Source – Shwe Phee Myay
News Agency ]
.