ရှမ်းပြည်နယ်တွင် စက်တင်ဘာလအတွင်း COVID-19 ပိုးရှိသူ ၃၇ ဦး တွေ့ရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် စက်တင်ဘာလအတွင်း COVID-19 ပိုးရှိသူ ၃၇ ဦး တွေ့ရှိထား

ရှမ်းပြည်နယ်အတွင်း၌ ယခု စက်တင်ဘာလအတွင်း COVID-19 ပိုး ရှိသူ ၃၇ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြည်နယ်တွင်း COVID-19 ပိုး တွေ့ရှိခဲ့သည့် အခြေအနေမှာ ကျိုင်းတုံမြို့နယ်တွင် ၁၆ ဦး၊ မိုးမိတ်မြို့နယ်တွင် ၉ ဦး၊ တောင်ကြီးမြို့နယ်တွင် ၂ ဦး၊ လောက်ကိုင်မြို့နယ်တွင် ၂ ဦး၊ ရပ်စောက်မြို့နယ်တွင် ၂ ဦး၊ ဖယ်ခုံမြို့နယ်တွင် ၂ ဦး၊ တန့်ယန်းမြို့နယ်တွင် ၁ ဦး၊ ကလောမြို့နယ်တွင် ၁ ဦး၊ မိုင်းဆတ်မြို့နယ်တွင် ၁ ဦး စသည်ဖြင့် ဖြစ်ကြောင်း သိရသည်။
.
ယင်း အရေအတွက်မှာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရခြင်း ဖြစ်ပြီး မြေပြင်တွင် ပို များ နိုင်ကြောင်း သိရသည်။
.
" ပဉ္စမလှိုင်း စပြီလို့ ပြောကြတယ်။ ဘာဖြစ်ဖြစ် ခုလို ခေတ်ပျက်ကာလမှာ မိမိက စပြီး ကာကွယ်ကြရမှာပဲ။ Mask တပ်၊ လက်ဆေး၊ လူစုလူဝေး ရှောင်ပေါ့။ စကစ လက်ထက်မှာ ဘာမှ မျှော်လင့်မနေနဲ့။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။ ကိုဗစ်ထက် ဆိုးတဲ့ ဘဝတွေ အများကြီးပဲ၊ သူတို့ကို ငဲ့ညှာလေနော်။ ဒီမှာ သာယာနေပေမယ့် တချို့တွေက မျက်ရည်တွေ၊ သွေးတွေနဲ့ဗျ။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် COVID-19 ပိုး ရှိသူ ၃၈၄ ဦး တွေ့ရှိခဲ့သည်ဟုလည်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ယင်းကဲ့သို့ ပြည်တွင်း COVID-19 ကူးစက်မှု မြင့်တက်လာမှု အခြေအနေများကြောင့် တောင်ကြီးမြို့တွင် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်ဟုလည်း သိရသည်။

Journal Download

Photo of three cats