ရပ်စောက်မြို့နယ်၊ ရေဖြူကျေးရွာနေ အသက် ၅၂ နှစ်အရွယ် အမျိုးသား တစ်ဦး COVID-19 ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို မဇ္ဈိမအသင်းက ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံမှ မြို့မသုသာန်သို့ ပို့ဆောင်ပေးခဲ့သည်ဟု မဇ္ဈိမအသင်းမှ ထုတ်ပြန်ထားသည်။
.
ပြည်သူများ အနေဖြင့် မပေါ့ဆဘဲ ပြန်လည် အလေးအနက် ထားကြစေလိုကြောင်းနှင့် အပြင် ထွက်တိုင်းလူစုလူဝေး ရှိရာသို့ သွားတိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ အရာဝတ္တုများ ကိုင်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးရန်ကိုလည်း မဇ္ဈိမအသင်းက ဆိုသည်။
.
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၂ ရက် ထုတ်ပြန်ချက်တွင် စက်တင်ဘာလ ၁ ရက် ည ၈ နာရီမှ ၂ ရက်နေ့ ည ၈ နာရီထိ COVID-19 ပိုးရှိသူ (အသစ်) ၈၄ ဦး တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။