တိုက်ပွဲအတွင်း သေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီး သေရခြင်း မဟုတ်ကြောင်း CDM ဒုဗိုလ် ပြော (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုက်ပွဲအတွင်း သေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီး သေရခြင်း မဟုတ်ကြောင်း CDM ဒုဗိုလ် ပြော (ရုပ်သံ)



တပ်မတော်သားများ အနေဖြင့် တိုက်ပွဲအတွင်း သေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီး သေသွားရခြင်း မဟုတ်ဘဲ အသက် တစ်ချောင်း အလကား သက်သက် ပေးရခြင်းသာ ဖြစ်သည်ဟု စစ်ကောင်စီ တပ်မ(၆၆) လက်အောက်ခံ ခမရ (၆)မှ CDM ပြုလုပ်ခဲ့သည့် ဒုဗိုလ် ရဲရင့်အောင် က ပြောဆိုခဲ့သည်။

.

CDM ဒုဗိုလ် ရဲရင့်အောင် သည် ကရင်နီ(ကယား) ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေရာမှ CDM ဝင်ရောက်လာခြင်း ဖြစ်ကာ ၎င်း CDM ပြုလုပ်ရသည့် အကြောင်းအရင်းကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ကရင်နီပြည်နယ်တွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ သေဆုံးမှု များပြားကြောင်းနှင့် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

.

တပ်မတော်သားများ အနေဖြင့် အာဏာရူးများ လက်အောက်၌ အသက် တစ်ချောင်း အလကား ပေးရခြင်းကို အမြင်မှန် ရရန်လိုပြီး CDM အမြန်ဆုံးပြုလုပ်ရန် ဒုဗိုလ် ရဲရင့်အောင် က တိုက်တွန်းထားသည်။

Link - https://youtu.be/1rerOS0Wtp8

Journal Download

Photo of three cats