မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်းမှ
ရဲတပ်သား တစ်ဦး သည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့သည့်သည်ဟု People's
Defence Force – Htilin က ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ CDM ပြုလုပ်လာသူမှာ ရဲတပ်သား ရဲကျော်မျိုး ဖြစ်ပြီး BA 64 သေနတ်
၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၄၈ တောင့်၊ လှံစွပ် ၁ စက်တင်ဘာလ ၈ ရက်တွင် ဂန့်ဂေါ ခရိုင်တပ်ရင်း
၂/၄/၁၀ သို့ ဆက်သွယ်ကာ CDM ပြုလုပ်လာခြင်း ဖြစ်သည်ဟု သိရသည်။
.
“ စစ်အာဏာရှင်ကို မကြိုက်လို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံတာပါ။ ကျွန်တော်ကိုလည်း
ညီအကိုရင်း တစ်ယောက်လို ကူညီ စောင့်ရှောက်ပေးပါ။” ဟု CDM ရဲတပ်သား ရဲကျော်မျိုး က ပြောသည်။
.
CDM ရဲတပ်သား ရဲကျော်မျိုး ကို ဂန့်ဂေါ ခရိုင်တပ်ရင်း ၂/၄/၁၀ က ငွေကျပ်သိန်း
၆၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းနှင့် People's Defence Force – Htilin သို့ အလင်းဝင်ရောက်လာသူ
၄ ဦး ရှိပြီ ဖြစ်သည်ဟုလည်း သိရသည်။