.
လက်နက်အပြည့်အစုံဖြင့်
CDM ဝင်ရောက်လာသည့် ရဲတပ်သားတစ်ဦးကို ငွေကျပ် သိန်း
၇၀ ပေးအပ်ပြီး အခမ်းအနား ဖြင့် ဂုဏ်ပြုခဲ့ကြောင်း The Youth Force (Saw & Kyaukhtu) က ယနေ့ စက်တင်ဘာလ ၁ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
.
.ဆောမြို့
ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းသည်
ဗုံးသီး ၄ လုံး၊ ကျည် ၃၀၀ တောင့်၏၊ G3 တစ်လက်၊ ကျည်ဘောက် ၂ ခုဖြင့် The Youth
Force (Saw&Kyaukhtu) ထံသို့ ဝင်ရောက်ခိုလှုံလာခြင်း
ဖြစ်ကြောင်း သိရသည်။
.
The Youth Force (Saw & Kyaukhtu) ထံသို့ CDM ဝင်ရောက်လာသူ စုစုပေါင်း
၁၀ ဦးကျော် ရှိပြီဖြစ်ပြီး CDM များကို ဆက်လက်ကြိုဆိုသွားမည်ဖြစ်ကာ လက်နက်ပါရှိမှုအပေါ်
မူတည်၍ ထိုက်တန်စွာ ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - The Youth Force (Saw & Kyaukhtu)
.