မင်းတပ် မြို့ဝင်ဂိတ်ကို CDF ဝင်ရောက်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းတပ် မြို့ဝင်ဂိတ်ကို CDF ဝင်ရောက်တိုက်ခိုက်

.

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီတပ်ဂိတ်ကို ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မင်းတပ် မြို့နယ် ချင်းဒေသကာကွယ်ရေးတပ် (CDF) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု များပြားနိုင်ကြောင်း မင်းတပ် CDF က သတင်းထုတ်ပြန်ထားသည်။

.

.

မင်းတပ်မြို့ဝင်ဂိတ်ကို ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၅ နာရီခွဲခန့်က ဝံပုလွေစစ်ကြောင်းက ပျောက်ကြား နည်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အတိအကျမသိရှိရသေးသော်လည်း ဗျူဟာမှူး၏ သတင်း ပေးပို့ချက်အရ စစ်ကောင်စီဘက်မှ အထိအခိုက် များနိုင်ကြောင်းနှင့် စခန်းအထိ အီနီဂါဗုံးသီးများ ပစ်နိုင်ခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဟာအွမ်က ပြောဆိုထားသည်။

.

ယခုတိုက်ခိုက်မှုသည် ယနေ့ စက်တင်ဘာလ ၂၁ တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ဝါဒါဖြန့်ချိရေး ဈေးရောင်းပွဲတော် ကို ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ် CDF က သတင်းထုတ်ပြန်ထားသည်။

.

စစ်ကောင်စီတပ်သည် တစ်ဘက်တွင် ဝါဒဖြန့်ချိရေးဈေးရောင်းပွဲတော် ပြုလုပ်နေသော်လည်း ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းတပ်မြို့နယ်အတွင်းရှိ ဆာဒူးကျေးရွာနှင့် ဖိုးခရိုးကျေးရွာအကြား တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှုအပြင် ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats