အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ နှစ်ခြင်းဘုရားကျောင်း ပျက်စီးခဲ့ရသည့် အပြင် ကျောင်းသား တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၊ ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ဘုရားကျောင်းပေါ်သို့ ကျရောက်ကာ စာကျက်နေသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဒဏ်ရာရ လူငယ်ကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ရရှိသည့် ဒဏ်ရာမှာ ပြင်းထန်သည်ဟု သိရသည်။
.
ကရင်နီ(ကယား) ပြည်နယ် အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ယခု စက်တင်ဘာလ အတွင်း အရပ်သား ပြည်သူ ၉ ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။