.
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့်
ရေဦးနယ်စပ်ရှိ ကျေးရွာများတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီမှ
ရဟတ်ယာဉ် ၄ စီးအသုံးပြု၍ လေကြောင်းဖြင့် တိုက်ခိုက်လာမှုကြောင့် ကျေးရွာ ၈ ရွာခန့်မှ
ဒေသခံများ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.
.မုံရွာမြို့အခြေစိုက်
နမခ တပ်မှ စစ်ကောင်စီတပ်သားများကို ၂ စီးဖြင့် ၂ ခေါက်၊ စုစုပေါင်း ၄ စီးစာ သယ်ယူပို့ဆောင်
ပေးခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
.
စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်နေသည့်
ရေဦးနှင့် ဒီပဲယင်းနယ်စပ် ဒေသများသည် တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ တစ်လခန့် ကြာမြင့်နေပြီဖြစ်ပြီး
စစ်ကောင်စီတပ်က ယခုကဲ့သို့ အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
ဒီပဲယင်း၊ ရေဦးနှင့်
ခင်ဦးမြိုန့ယ် အစပ် ဒေသများတွင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုး တိုက်ခိုက်မှုများ၊
လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
.