.
ရန်ကုန်-လွိုင်ကော်
ခရီးသည်တင်လေယာဉ်တစ်စီး ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက လွိုင်ကော် လေဆိပ်သို့
ဆင်းသက်စဉ် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ယနေ့ စက်တင်ဘာလ ၃၀
ရက်နေ့ နံနက်၊ ၉ နာရီအချိန်ခန့်က မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR-72 (600) အမျိုးအစား
ခရီးသည်တင်လေယာဉ်တစ်စီးသည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ်
ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ပစ်ခတ်ခံရမှုကြောင့်
လေယာဉ်၏ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။
.
.