တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်တွင် လျှပ်စစ်ဝါယာကြိုး (ဆားဗစ်ကြိုး) ဖြတ်ခိုးမှု များလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်တွင် လျှပ်စစ်ဝါယာကြိုး (ဆားဗစ်ကြိုး) ဖြတ်ခိုးမှု များလာ

.

တောင်ကြီးမြို့ပေါ်နှင့် အနီးတစ်ဝိုက်နေရာများတွင် နေအိမ်များသို့ သွယ်တန်းထားသည့် အိမ်သုံးလျှပ်စစ်ဝါယာကြိုး (ဆားဗစ်ကြိုး) များ ဖြတ်ခိုးယူမှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

.

.

ဆားဗစ်ကြိုး ဖြတ်ခိုးသူများသည် လူနေအိမ်ခြေ ကျဲပါးသည့်နေရာနှင့် လူနေချိန် နည်းပါးသည့်အိမ်များအား အချိန်ယူ စောင့်ကြည့်၍ ခိုးယူနေကြောင်း သိရသည်။

.

“ကျွန်မတို့က ဈေးရောင်းတာဆိုတော့ အိမ်မှာနေရတဲ့အချိန်က နည်းတယ်။ အိမ်ရှိတဲ့နေရာ ကလည်း တစ်အိမ်နဲ့တစ်အိမ် အလှမ်းဝေးတော့ အခွင့်ကောင်းယူပြီး ဆားဗစ်ကြိုးကို ဖြတ်ခိုးသွားတာပေါ့။ ပေ ၂၀၀ လောက် ပါသွားတယ်” ဟု ဆားဗစ်ကြိုး ဖြတ်ခိုးခံရသူတစ်ဦးက ပြောသည်။

.

လျှပ်စစ်မီးကြိုး ဖြတ်ခိုးသူများသည် အုပ်စုဖွဲ့၍ ပြုလုပ်နေခြင်းဖြစ်ပြီး တစ်ဖွဲ့မှ ပတ်ဝန်းကျင်အခြေအနေ စောင့်ကြည့်ကာ ကျန်တစ်ဖွဲ့မှ လူအလစ်တွင် ဖြတ်ခိုးနေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats