စစ်ကောင်စီတပ်၏ စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း၌ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်နေသော အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် ၄ ဦး သေဆုံးခဲ့ရကြောင်း Local fighters Squad ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အပြင် သင်တန်း တက်ရောက်နေသည့်
ကလေးငယ် ၂၀ ဦးခန့်သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ယင်းဒဏ်ရာရ ကလေးသူငယ်များကို
ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံသို့ စစ်ကောင်စီတပ်က ခေါ်ဆောင်သွားကြောင်းနှင့် ဗုဒ္ဓဘာသာ
ယဉ်ကျေးမှုသင်တန်း ပို့ချနေသည့် ဆရာ ၄ ဦး၊ ဆရာမ ၁ ဦး စုစုပေါင်း ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်သည် Mi35P
တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအပေါ်တွင် ရပ်ပြီး လေကြောင်း
ပစ်ခတ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
.