စစ်ကောင်စီတပ်သားများ ရှိနေသည့် အဆောက်အဦအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဝင်ပစ်သည့် "လူငယ်" - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်သားများ ရှိနေသည့် အဆောက်အဦအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဝင်ပစ်သည့် "လူငယ်"



စစ်ကောင်စီတပ်သားများ ရှိနေသည့် အဆောက်အဦ အတွင်းသို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် လူငယ်တစ်ဦးက လက်ပစ်ဗုံးဖြင့် ဝင်ပစ်သည့် ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားကာကွယ်ရေး (KNDF) တပ်ရင်း(၃) ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

.

“ စစ်သားတွေနေတဲ့ အဆောက်အဦထဲကို လက်ပစ်ဗုံး သွားပစ်ပြီး ပြေးတယ်တဲ့။ ဟိုဘက်က သေနတ်တွေ ပြန်ပစ်တာ မထိလို့ တော်သေးတယ်။” ဟု KNDF) တပ်ရင်း(၃)က ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် လူငယ် က “အဲ့တုန်းက ဘုရားသခင် ရှိတာပဲ ဆိုပြီး ဘာမှတွေးဘဲ ပြေးပစ်လိုက်တာ။ အခု video ထဲ ပြန်ကြည့်မှ အသည်း ယားတယ်" ဟု ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။

.

ရုပ်သံမှတ်တမ်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ကို တွေ့မြင်ရပြီး မည်သည့် တိုက်ပွဲအတွင်း လုပ်ဆောင်ခဲ့သည်ကိုမူ ဖော်ပြမထားပေ။

Journal Download

Photo of three cats